Wednesday, September 3, 2014

facebook အရောင်သုံးမျိုး

ဒီ fb လေးတွေက install တင်ရင် အရင်တင်ထားတဲ့ fb မပျောက်သွားပါဘူး။
ခုကျနော်တင်ပေးမှာက သုံးခုဆိုတော့ အရင် fb software အပါဝင် လေးကောင့်သုံးလို့ရတာပေါ့။ အကောင့်အများကြီးရှိတဲ့သူတွေအတွက်လည်း ok တာပေါ့။
အစိမ်းရောင် fb ဒေါင်းရန်

အနီရောင် fb ဒေါင်းရန်

ပန်းရောင် fb ဒေါင်းရန်

Nyi Ngal Lay
yi

Monday, September 1, 2014

မြန်မာလူမျိုးများအတွက် My Chat

မန်မာလူမျိုးများအတွက်:

- အားလုံးကို မြန်မာ နှင့် အင်္ဂလိပ် ဘာသာဖြင့် အပြည့်အစုံဖော်ပြထားပါသည်။

- မြန်မာပြည် ကွန်နက်ရှင် နှင့်ကိုက်ညီအောင် အမြင့်ဆုံးသုံးနိုင်သော အင်တာနက်နှုန်းဖြင့်စီမံထားခြင်း- လွယ်ကူစွာ အကောင့်သစ်ဖွင့်နည်း

- သင့် ပရိုဖိုင်း အတွက် သင့်စိတ်ကြိုက် ဓါတ်ပုံနှင့် အကြောင်းအရာ ဖော်ပြနိုင်ခြင်း

- လွတ်လွတ်လပ်လပ် နှင့် အခမဲ့ စာတိုပို့ခြင်း ဆက်သွယ်မှု

- လူဦးရေအကန့်အသတ်မရှိ အဖွဲ့လိုက်စကားပြောနိုင်ခြင်း

- “အနီးအနားတွင် ရှာဖွေမည်” ဆိုသော နည်းပညာ ကို အသုံးပြုပြီး သင့်အနီးအနားရှိ MyChat အသုံးပြုသော သူငယ်ချင်း အသစ်များကို ရှာဖွေနိုင်ပါမည်။

- သူငယ်ချင်းအသစ်တွေအပြင် မိုင်စကွဲ နှင့် ဖေ့ဘွတ်မှ သူငယ်ချင်းတွေကိုပါ ပေါင်းထည့်နိုင်ခြင်း

- စတစ်ကာများ – မြန်မာ့ရိုးရာ ပုံပြင်၊သမိုင်းကြောင်း၊ ဇာတ်ကောင် များကို အခြေခံထားသော စတစ်ကာများ ပါရှိခြင်း. . .

အောက်တွင်ရယူနိုင်ပါသည်…..    




Add capဒီမှာ ဒေါင်းပါ Nyi Ngal Lay

ဖုန်းထဲတင် photo တွေကို video လုပ်ကြမယ်

viva video သုံးလို့အရမ်းကောင်းတယ်ဗျ effect တွေလည်းလန်းတယ်
အသေချာတောါရှင်းမပြတော့ဘူးဗျာ ကလိသာကြည့်ပေတော့  Download

Friday, August 29, 2014

Samsungဖုန်းကိုင်တဲ့ ဘော်ဒါတွေအတွက် ဖုန်းရဲ့ setting ပိုင်း​တွေကိုမြန်​မာလို ​ပြောင်းလို့ရမည့်​ apk 

Setting ပိုင်း​တွေကို မြန်မာလို ​ပြောင်းချင်​ရင်​ ဒီ apk ကိုသုံးကြည့်​ပါ။
Samsung​ဖုနိး​​တွေမှာ​တော့ အဆင်​​ပြေပါတယ်​ ။
အောက်ပုံကလိုတွေ့ရင် + လေးကိုနှိပ်လိုက်ပါ။

အောက်ကပုံလေးပေါ်လာပါလိမ့်မယ်။ ခုရေးထားတာတွေက ကျနော်ဖြည့်ပြထားတာပါ။
အဲဒီနှစ်နေရာမှာ ဖြည့်ပြထားသလိုဖြည့်လိုက်ပါ။ ပီးရင်Setting ထဲကိုသွားကြည့်လိုက်ပါ
မပေါ်သေးဘူးဆိုရင် language and input ထဲရှာပီးပြောင်းလိုက်ပါ။ myanmar ဆိုပီးတွေ့ပါလိမ့်မယ်။
root ဖောက်ထားမှသုံးရမှာပါဒီမှာ ဒေါင်းပါ

       Nyi Ngal Lay

Thursday, August 28, 2014

viber offline apk

ဒီviber offline apk လေးက အချိန်ပိုင်း offline လုပ်လို့ရတယ်ဗျ။ ရက် လနှစ်နဲ့ကို offline လုပ်ထားလို့ပါတယ် ။ သတ်မှတ်ထားတဲ့အချိန်ပြည့်ရင်တော့ Online ပြန်ဖြစ်ပါလိမ့်မယ်။ အချိန်နဲ့မဟုတ်ပဲ ပိတ်ချင်ရင်လည်းပိတ်လို့ ရပါသေးတယ်။ ကျန်တာတော့ကလိကြည့်ပါ။ ဒေါင်းရန်

p


Nyi Ngal Lay



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက် အသုံးပြုနိုင်သည့်ပမာဏ 5GB တိုးချဲ့

♪ အင်တာနက်အသုံးပြုနိုင်သည့် ပမာဏ 5 GB ကို သြဂုတ်လအတွင်း ထပ်မံချိတ်ဆက်



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်အသုံးပြုနိုင်သည့် ပမာဏ ( Internet Bandwidth ) 5 GB ကို ယခုလအတွင်း တိုးမြှင့်ချိတ်ဆက်နိုင်ခဲ့ကြောင်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ သိရသည်။ မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုနိုင်သည့် ပမာဏ 27 GB တည်ရှိခဲ့ပြီး ယခုကဲ့သို့ 5 GB ထပ်မံ တိုးမြှင့် ချိတ်ဆက်နိုင်သည့်အတွက် စုစုပေါင်း အင်တာနက် အသုံးပြုနိုင်သည့် ပမာဏသည် 32 GB အထိသို့ ရောက်ရှိလာခဲ့သည်။ အသစ် ချိတ်ဆက်နိုင်ခဲ့သည့် 5 GB သည် ထိုင်းနိုင်ငံဘက်မှ 2.5 GB ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ 2.5 GB ဖြစ်သည်ဟု အထက်ပါဌာနမှ သိရသည်။
“အင်တာနက်အသုံးပြုနိုင်တဲ့ ပမာဏတွေ အများကြီးရှိပြီး ဘာလို့ အင်တာနက်လိုင်းတွေ မကောင်း တာ လည်းလို့ပြောနေကြတယ်။ အပေါ်ပိုင်းအနေနဲ့ပြည်စုံနေပေမယ့်လည်းဖြန့်တဲ့အပိုင်းတွေ၊ တည်ဆောက်တဲ့ အပိုင်းတွေဘက်မှာ မပြီးသေးတာတွေ ရှိနေသေးတယ်။ တကယ်လို့ SE ME WE 3 လို လိုင်းတွေ ပျက်သွားခဲ့ရင်လည်း အသုံးပြုသူတွေ အခက်အခဲမရှိဖို့ အရန်အနေနဲ့လည်း ထားရသေးတယ်” ဟု သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေကပြောသည်။
ပြည်တွင်းမှ လက်ရှိ အင်တာနက် အသုံးပြုနေသူများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာ နက် အသုံးပြုနိုင် သည့် ပမာဏ 17 GB ခန့် ခွင့်ပြုပေးထားပြီး ကျန်ရှိနေသေးသည့် အင်တာနက် အသုံးပြုနိုင်သော ပမာဏကို အရန်အနေဖြင့်သော်လည်းကောင်း၊ တိုးတက်လာမည့် အင်တာနက် အသုံးပြု သူအရေအတွက်ကို ရည်မှန်း၍သော်လည်းကောင်း ဆက်လက်ထားရှိသည်ဟု သိရသည်။ လက်ရှိအချိန်၌ ဖိုက်ဘာ အင်တာနက်လိုင်းများ ၊ ADSL အင်တာနက်လိုင်းများကို မြန်မာ့ ဆက်သွယ်ရေးမှ ရောင်း ချပေးနေသော်လည်း အင် တာနက် အသုံးပြုသူအများဆုံးမှာ မိုဘိုင်းဖုန်းလိုင်းပေါ်၌ တည်ရှိသည်ဟု ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အင်တာနက် အသုံးပြုနိုင်သည့်ပမာဏကို ဆက်လက် တိုးချဲ့ သွားရန်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ဂျပန်ဆက်သွယ်ရေး အော်ပရေတာနှင့် လုပ်ငန်းစတင် လည်ပတ်သည့် အခါ အင်တာနက်အသုံးပြုသူ အများအပြားကို ပိုင်ဆိုင်လာမည်ဟု ယုံကြည်ထားကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။  မြန်မာ့နိုင်ငံမှ အဓိကအားထား အသုံးပြုသည့် SE ME WE 3 ကေဘယ်ဆက်ကြောင်းသည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း ဇူလိုင်လ နှင့် သြဂုတ်လများအတွင်း အဆိုပါဆက်ကြောင်းသည် ရေအောက်၌ ပြတ်တောက်မှု ဖြစ်ပွားခဲ့သည့်အတွက် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများ မှတစ်ဆင့် အင်တာနက်စနစ်ကို ပြန်လည်ဖြည့် ဆည်းပေး ခဲ့ရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။
Internet Journal



ဖုန်း incoming call လာရင် အသံမျိုးစုံ ပြောင်းပေးမဲ့ အသံမျိုးစုံ apk

ဒီ software လေးက တော်တော် မိုက်တယ်ဗျ ကျနော် စမ်းသုံးပီးမှ တင်ပေးပါတာပါ။
ဘော်ဘော် တို့အကြိုက်တွေ့မယ် ထင်ပါတယ်။ ဖုန်းတစ်ခါဝင်လာရင် အသံတစ်မျိုး။ နောက်တစ် call ဝင်ရင်အသံတစ်မျိုး down'ပီးစမ်းသုံးကြည့်လိုက်ပါ။ကိုယ်ထားချင်တဲ့ ringtones တွေကို
 Ringtones ဟု ဖိုင်လုပ်ပီးထည့်ထားပါ။ ပီးရင် အသံမျိုးစုံ.apk ထဲဝင်ပီး ကိုယ်ထားချင်တဲ့ ringtones တွေကို မှတ်ပေးရမှာပါ။ ကျနော်ကတော့ ၉ မျိုးမှတ်ထားတယ်ဗျ    Download


Nyi Ngal Lay